We Help and Care

WHC ဆိုသည်မှာ

အကူအညီ လိုသည့်
နေရာတိုင်းကို ကူညီရန်

ကျွန်ုပ်တို့သည်

We Help and Care (WHC) သည် အရှေ့တောင်အာရှနိုင်ငံများ အထူးသဖြင့် မြန်မာနိုင်ငံအားအကျိုးပြုရန် ဖွဲ့စည်းထားသော အကျိုးအမြတ် မယူသော ပရဟိတလုပ်ငန်းတစ်ခုဖြစ်သည်။

ကျွန်ုပ်တို့၏ ‌ဆောင်ရွက်မှုများမှတစ်ဆင့် အကူအညီ လိုအပ်နေသောသူများကို လူမျိုး ဘာသာမခွဲခြားဘဲ မည်သို့ပင်ရှိစေကာမူ ကူညီရန် အသင့်ရှိပါသည်။ ကျွန်ုပ်တို့သည် ကမ္ဘာကြီးကို တိုးတက်စေလိုပြီး ကျွန်ုပ်တို့၏ပရဟိတလုပ်ငန်းဖြင့် အကူအညီလိုအပ်နေသူများအား ပိုမိုကောင်းမွန်သောအနာဂတ်ကို ဖန်တီးပေးလိုပါသည်။

ကျွန်ုပ်တို့အဖွဲ့အစည်းသည် ဒေသခံအဖွဲ့အစည်းများနှင့် တိုက်ရိုက်ပူးပေါင်းဆောင်ရွက်ခြင်းအားဖြင့် လှူဒါန်းမှု အကူအညီများသည် လိုအပ်နေသူများထံသို့ တိုက်ရိုက်ရောက်ရှိခြင်း၊ ဗျူရိုကရေစီယန္တရားမဟုတ်ခြင်း စသည်တို့သည် ကျွန်ုပ်တို့၏ အကြီးမားဆုံးသော အားသာချက်  တစ်ခုဖြစ်သည်။

ကျွန်ုပ်တို့အား ခွန်အားဖြစ်စေသော အရာများ

ကျွန်ုပ်တို့၏ သမိုင်းကြောင်း

၂၀၂၁၊ ဖေဖော်ဝါရီ ၁ ရက်နေ့တွင်၊ မြန်မာနိုင်ငံပြည်သူများ တုန်လှုပ်ခြောက်ခြား သွားရသည်။    စစ်ကောင်စီ၏ အာဏာလုယူမှုသည် ဆယ်နှစ်နီးပါး အသွင်ကူးပြောင်းလာပြီးဖြစ်သော မြန်မာ့ဒီမိုကရေစီကို ရုတ်တရက် ရပ်တန့်သွားစေသည်။

လူမျိုးစု ၁၃၀ ကျော်ပါဝင်သော အရပ်သားပြည်သူလူထုသည် ငြိမ်းချမ်းစွာ ဆန္ဒပြသည်ကိုပင် မတရားနှိပ်စက်ခံခဲ့ရသည်။ ရက်စက်စွာ နှိမ်နင်းနေသော လက်နက်ကိုင် စစ်တပ်အားနိုင်ငံတဝှမ်း ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ခြင်း၊ စစ်ကောင်စီအား အမိန့်မနာခံခြင်း စသည်ဖြင့် ကျရာနေရာမှ တော်လှန်နေကြသည်။

ဆက်သွယ်ရေးကဏ္ဍ ကန့်သတ်ချက်များ၊ လျှပ်စစ်မီး၊ ရေနှင့်အစားအစာစသည့် အခြေခံထောက်ပံ့မှုများ လိုအပ်နေခြင်းသည် လူဦးရေသန်း ၅၀ ကျော်နေထိုင်သော မြန်မာပြည်တွင် လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းများ၏ အစဖြစ်သည်။ 

ပြည်ပတွင် နေထိုင်သော မြန်မာလူမျိုးများသည် ၎င်းတို့၏မိသားစုများ၊ ဆွေမျိုးများ၊ အသိအကျွမ်းများ၊  မိတ်ဆွေများနှင့် အဆက်အသွယ်မပြတ်ရန်၊ ၎င်းတို့အား အကောင်းဆုံးထောက်ပံ့ရန် ကြိုးစားနေကြပါသည်။ ဤသည်မှာ ကျွန်ုပ်တို့သည် အဖွဲ့အစည်းတခုအနေဖြင့် စတင်ဆောင်ရွက်ပြီး  ကျွန်ုပ်တို့အဖွဲ့ဝင်များ၏ အဆက်အသွယ်များဖြင့် ပိုမိုကောင်းမွန်သော နည်းလမ်းများအား အသုံးပြု၍ လိုအပ်နေသူများထံ တိုက်ရိုက်အကူအညီပေးသွားမည်။

— ကျွန်ုပ်တို့၏ ရည်ရွယ်ချက်

ဒေသတွင်းလူ့အဖွဲ့အစည်းမျာ အငတ်ဘေးနှင့် ဘေးအန္တရာယ်များမှ ကင်းရှင်းစေရန်၊ လွတ်လပ်မှု ငြိမ်းချမ်းမှုနှင့် အရည်အသွေးပြည့်မှီသော ကျန်းမာရေးအထောက်အပံ့များ၊ ပညာရေး၊ အမိုးအကာနှင့် အစားအစာများအား အပြည့်အဝရရှိစေရန်။

— ကျွန်ုပ်တို့ကိုယ်စားပြု လုပ်ဆောင်ပေးသည့် အရာများ

ကမ္ဘာတဝှမ်းရှိ အရေးပေါ် လူသားချင်းဆိုင်ရာအထောက်အပံ့များနှင့် ဖွံ့ဖြိုးတိုးတက်ရေး အကူအညီများ လိုအပ်လျှက်ရှိသော အထူးသဖြင့် အရှေ့တောင်အာရှနှင့် မြန်မာနိုင်ငံအတွင်းရှိ ကလေးသူငယ်များ၊ အမျိုးသမီးများ၊ လူလွတ်များနှင့် ၎င်းတို့၏မိသားစုများအတွက်

— ကျွန်ုပ်တို့၏ ပန်းတိုင်

ဒေသတွင်းနှင့် နိုင်ငံတကာအဖွဲ့အစည်းများနှင့် ချိတ်ဆက်၍ ညှိနှိုင်းပူးပေါင်း ဆောင်ရွက်ခြင်းဖြင့် ဒေသတွင်းလူ့အဖွဲ့အစည်းများအား အလှူအတန်းများ၊ လူ့စွမ်းအားအရင်းအမြစ်တိုးမြှင့်ခြင်းသင်တန်းများနှင့် နည်းပညာများ မျှဝေခြင်းဖြင့် တိုက်ရိုက်ကူညီထောက်ပံ့နိုင်စေရန်။

Partners