We Help and Care

WHC ၏ ‌ဆောင်ရွက်ချက်များ

ကျွန်ုပ်တို့သည် အကူအညီ လိုအပ်နေသော လူများကို အထောက်အပံ့များ ပေးသည်

WHC ၏ ဆောင်ရွက်ချက်များ

၁။

— အကူအညီ လိုအပ်နေသူများကို ရှာဖွေပြီး တိုက်ရိုက် ကူညီခြင်း။

၂။

— ဒေသတွင်း အဖွဲ့အစည်းများနှင့် ချိတ်ဆက်ခြင်း။

၃။

— အစားအစာ၊ အဝတ်အထည်၊ အလှူငွေများ ထောက်ပံ့ခြင်း။

၄။

— ပညာရေး ထောက်ပံ့ပေးခြင်း။

၅။

— အမြဲနားစွင့် သတင်းပေးခြင်း။

၆။

— အကူအညီ လိုအပ်သည့် နေရာတိုင်းတွင်ကူညီပေးခြင်း။

ကျွန်ုပ်တို့၏အလေးထားဆောင်ရွက်မှုများ

အကူအညီ လိုအပ်နေသူများကို ရှာဖွေပြီး တိုက်ရိုက် ကူညီခြင်း။

အကောင်းဆုံးသော ရလာဒ်ကို ရရှိရန်မှာ အကူညီလိုအပ်နေသူများအား တိုက်ရိုက် ကူညီပေးခြင်းပင်ဖြစ်သည်။

ဒေသတွင်း အဖွဲ့အစည်းများနှင့် ချိတ်ဆက်ခြင်း။

ဒေသတွင်း အဖွဲ့အစည်းများဖြင့် ချိတ်ဆက်၍ ကျွန်ုပ်တို့၏ အကူအညီများ အ‌ထောက်အပံ့များ အလျင်အမြန် ရောက်ရှိစေပါသည်။

အစားအစာ၊ အဝတ်အထည်၊ အလှူငွေများ ထောက်ပံ့ခြင်း။

မြေပြင်အခြေအနေပေါ် မူတည်၍ သင့်တော်သော အစားအသောက်များ၊ အဝတ်အထည်များ၊ အသုံးအဆောင်များအား ထောက်ပံ့ပေးပါသည်။ ငွေကြေးလှူဒါန်းခြင်းဖြင့်လည်း ၎င်းတို့၏ စားဝတ်နေရေး အခြေအနေများကို အထောက်အပံ့ ဖြစ်စေနိုင်ပါသည်။

ပညာရေး ထောက်ပံ့ပေးခြင်း။

အခြေခံ လူ့အခွင့်အရေးဖြစ်သည့် ပညာသင်ကြားခြင်းကိုလည်း ဆုံးရှုံးမှု မရှိစေရန်အတွက် ကူညီထောက်ပံ့ပေးပါသည်။ အသိပညာ၊ ဗဟုသုတများ မျှဝေခြင်းဖြင့် လူငယ်များ၏ အနာဂတ်ကို တောက်ပလာစေရန်မှာ ကျွန်ုပ်တို့၏ ပန်းတိုင်တခုဖြစ်ပါသည်။

အမြဲနားစွင့် သတင်းပေးခြင်း။

သတင်းအမှားများကို ဖြန့်ဝေရန်မှာ လွယ်ကူပါသည်။ ထိုကဲ့သို့ သတင်းအမှားများ ပေါ်ပေါက်လာခြင်းမှ ကာကွယ်ရန်အတွက် ကျွန်ုပ်တို့သည် လတ်တလော ဖြစ်ပေါ်နေသော မြေပြင်အခြေအနေများအား စဉ်ဆက်မပျက် စောင့်ကြည့်လေ့လာ၍ အချိန်နှင့်တပြေးညီ သတင်းမျှဝေပေးပါသည်။

အကူအညီ လိုအပ်သည့် နေရာတိုင်းတွင်ကူညီပေးခြင်း။

ကျွန်ုပ်၏ အကူအညီ ထောက်ပံ့မှုများသည် လူမျိုးဘာသာ၊ လိင်စိတ်ခံယူမှု၊ အဆင့်အတန်း ခွဲခြားခြင်း မရှိဘဲ လိုအပ်သည့်နေရာများသို့ ထောက်ပံ့ကူညီပါသည်။ ကျွန်ုပ်၏ လုပ်ဆောင်ချက်များသည်အကျိုးအမြတ်တစုံတရာ ရယူခြင်းမရှိသော ပရဟိတလုပ်ဆောင်ချက်များ ဖြစ်ပါသည်။