We Help and Care

second batch of buying vegetables from the farmers of Shan State and deliver to households having difficulties for foodstuffs

🙏🙏🙏ကျေးဇူးတင်လွှာ 🙏🙏🙏
(English Below)
ရှမ်းပြည်နယ်ရှိ တောင်သူဦးကြီးများ စိုက်ပျိုးထားသည့် အသီးအနှံများအားဝယ်ယူပြီး စားဝတ်နေရေးခက်ခဲသော အိမ်ထောင်စုများသို့ လှူဒါန်းခြင်းအစီအစဥ်တွင် ဒုတိယအသုတ်အနေဖြင့် ခိုကိုးရာမဲ့လူမှုကူညီကယ်ဆယ်ရေးအသင်း၊ ချောင်းကျိုး အာစိဏ္ဏသီရိကျောင်း၊ အဝါရောင်မျိုးဆက်သစ် လူငယ်ပရဟိတအသင်း (YGW) တိုက်ကြီးမြို့နယ်၊ မာမီကွတ် ခိုကိုးရာမဲ့ ကိုယ်ဝန်ဆောင်များကူညီရေး (အရှေ့ဒဂုံ)၊ မွန်မြတ်စိတ်ထား တွယ်ရာမဲ့ဘိုးဘွားရိပ်သာ (မြောက်ဥက္ကလာပ)၊ အောင်ပရဟိတကျောင်း (လှိုင်သာယာ)၊
မှော်ဘီမြို့နယ်ရှိ
• လပြည့်ဝန်းမိဘမဲ့ဂေဟာ
• ဘိုးဘွားများစောင့်ရှောက်ရေးဂေဟာ
• ဘုရားမေတ္တာကလေးသူငယ်ပြုစုစောင့်ရှောက်မြှင့်တင်ရေးဂေဟာ
• ဖန်ခါးကုန်းကလေးသူငယ်စောင့်ရှောက်ရေးဂေဟာ
• စာဖြူစုကလေးသူငယ်စောင့်ရှောက်ရေးဂေဟာ
• AASAW ပြုစုစောင့်ရှောက်ရေးဂေဟာ
 
ရွှေပြည်သာမြို့နယ်ရှိ
• တောင်ဝင်ဂေဟာ
• ဆည်းဆာရောင်ခြည် (S.E.C)
• နော်ဆေးဘိုးဘွားရိပ်သာ
• ဂရုဏာရှင်ဥယျာဉ် စသော နေရာ ၁၆ နေရာများသို့ စုစုပေါင်း လူဦးရေ ၁၁၅၁ ယောက်စာ သွားရောက်လှူဒါန်းခဲ့ပါသည်။ မြေပြင်အခြေအနေများကြောင့် သွားရောက်လှူဒါန်းသည့်နေ့ အနည်းငယ်ကြန့်ကြာသွားသည့်အတွက်လည်း အနူးအညွတ်တောင်းပန်အပ်ပါသည်။
 
ယခုကဲ့သို့ ပြုရသော ကောင်းမှုကုသိုလ်များကြောင့် မြန်မာပြည်သူ ပြည်သားများ အားလုံး ဘေးအန္တရာယ်အသွယ်သွယ်မှ လွတ်မြောက်ကျော်လွှားနိုင်ကြပါစေလို့ ကျွန်ုပ်တို့ 
We Help and Care မှ ဆုမွန်တောင်းအပ်ပါတယ်။ ကျွန်ုပ်တို့ ယခုကဲ့သို့ လှူဒါန်းနိုင်ရန် သဒ္ဓါတရား နည်း၊များမဆို ပါဝင်လှူဒါန်းခဲ့သော အလှူရှင်များအားလုံးသို့ 
We Help and Care အဖွဲ့မှ တောင်သူဦးကြီးများနှင့် အကူအညီလိုအပ်နေသူများကိုယ်စား ကျေးဇူးအထူးတင်ရှိပါကြောင်း နှင့် ယခုလှူဒါန်းသည်ထက် ပိုမို လှူဒါန်း ကုသိုလ်ပြုနိုင်ကြပါစေရန် မေတ္တာပို့သ ဆုတောင်းပေးအပ်ပါသည်။ သို့ပါ၍ အကူအညီ လိုအပ်နေသူများကို ဆက်လက်ပံ့ပိုးပေးနိုင်ရန် ကျွန်ုပ်တို့၏ အဖွဲ့အစည်းကို အလှူငွေထည့်ဝင်ခြင်းအားဖြင့် တတ်အားသမျှ ကုသိုလ်ပါဝင်ပေးကြဖို့ လေးစားစွာ တိုက်တွန်းဖိတ်ခေါ်အပ်ပါသည်။
 
🙏🙏🙏 Donating Vegetables 🙏🙏🙏
As a second batch of buying vegetables from the farmers of Shan State and deliver to households having difficulties for foodstuffs, we have delivered vegetables to the Home for the Aged, Pregnancy cares, Orphanages, Volunteer teams, Monasteries and Child care Home in Shwe Pyi Thar, Hmaw Bi, Hlaing Thar Yar, East Dagon, Taik Gyi and North Okkalarpa townships. The donation date has been posponed due to the ground situation and we sincerely apologize for the delay.
 
We Help and Care Organization is grateful and we would like to express our sincere thanks to all the donors who aid in our projects by contributing even a little on behalf of the farmers and those in need. We need your help so that we can keep caring for the ones in need!
To support our projects, please donate directly under our website