We Help and Care

03.07.2021_Fundraising

We Help and Care Organization held their very first Fundraising Event in Austria to aid displaced people in Myanmar because of War

We Help and Care Organization organized a fundraising event on last Saturday, 3rd of July in Austria to support the communities and the people in Myanmar who have been displaced and are on the run because of the current situations in Myanmar. In the event, Burmese community in Austria cooked and served Burmese Traditional Food in order to raise the money for those who have lost their homes and are on the run in seek of aids and safety. The event was able to raise over 4,300,000 Kyats and We Help and Care plan to donate it for those who are in immediate need. We would like to give our gratitude to those who came from all over Austria to lend a hand in the event and to those who came to support our project by participating and donating. We are truly grateful for your earnest care and encouragement, and we ask you to continue supporting us in the coming events by We Help and Care. Together, we can help to make it better for the ones in need, even the slightest way possible!

ယမန်နေ့ ဇွန်လ ၃ ရက်နေ့ (စနေနေ့) က သြစတြီးယားနိုင်ငံနေ မြန်မာများနှင့် သြစတြီးယား လူမျိုးများမှ ပေါင်းစည်း၍ မြန်မာနိုင်ငံတွင်း လက်ရှိဖြစ်ပေါ်နေသည့် အခြေအနေများအပေါ် တစ်ဖက်တစ်လှမ်းမှ ဝိုင်းဝန်းပံ့ပိုး ကူညီပေးနိုင်ရန် သြစတြီးယားနိုင်ငံတွင် ရန်ပုံငွေ ဈေးရောင်းပွဲတော်တစ်ရပ် ကျင်းပပြုလုပ်ခဲ့သည်။
ယင်း ရန်ပုံငွေ ဈေးရောင်းပွဲတော် တွင် သြစတြီးယားရောက် မြန်မာများမှ မြန်မာ့စားဖွယ်ရာများ အသီးသီး ချက်ပြုတ်ရောင်းချပြီး သြစတြီးယားနိုင်ငံသူ/သားများမှ မြန်မာ့ရိုးရာ အစားအစာများဝယ်ယူစားသုံးကာ အလှူငွေများထည့်ဝင်လှူဒါန်း ခဲ့ကြရာ စုစုပေါင်း အလှူငွေကျပ် ပမာဏ ၄၃သိန်းကျော် ကောက်ခံရရှိခဲ့သည်။ ဤရန်ပုံငွေပွဲမှ ကောက်ခံရရှိသည့် အလှူငွေများကို We Help and Care မှ ဦးစီး၍ မြန်မာနိုင်ငံအတွင်းရှိ စစ်ဘေးရှောင်ပြည်သူများအား လှူဒါန်းသွားမည်ဖြစ်သည်။
မြန်မာနိုင်ငံတွင်း အသက်အိုးအိမ်ဆုံးရှုံးကာ အသက်လုပြေးနေရပါသော စစ်ဘေးရှောင် ပြည်သူများအတွက် အနည်းငယ်ပင်ဖြစ်စေ ကူညီပေးနိုင်ရေး ရည်းစူးပြုလုပ်ခဲ့သည့် ဤရန်ပုံငွေပွဲတွင် အစားအသောက်များ ချက်ပြုတ်ပေးလာကြသော၊ အနယ်နယ် အရပ်ရပ်မှ လာရောက်ပြီး ရန်ပုံငွေပွဲတွင် ပူးပေါင်းပါဝင် ကူညီပေးခဲ့ကြ၊ အားပေးခဲ့ကြပါသော အလှူဒါနရှင်များအား We Help and Care မှ အထူးပင် ကျေးဇူးတင်ရှိပါသည်။ နောင်လာမည့် ရန်ပုံငွေကောက်ခံပွဲများတွင်လည်း ယခုကဲ့သို့ အားတက်သရော ပါဝင်ကူညီပေးကြရန် ဖိတ်ခေါ်အပ်ပါသည်။
 

Thank you,

We Help and Care