We Help and Care

We Help and Care (WHC) has donated 1,000,000 Kyats worth 125 PPE Suits

We Help and Care (WHC) has donated 1,000,000 Kyats worth 125 PPE Suits (Personal Protective Equipment) to “Myint Myat Say Da Nar Charity” in Myanmar. We hope to aid the victims of Covid-19 in Myanmar as the third wave is rapidly spreading and hundreds of infected people are dying daily. We ask you for your help to support our charitable work by donating through our website. https://www.wehelpandcare.org/donate/

Your donation can save lives! We thank you for your care and support!

Covid-19 ဘေးဒဏ်ခံစားနေရသည့် မြန်မာပြည်သူများကို ကူညီထောက်ပံ့နိုင်ရေး အလှူငွေကောက်ခံခြင်း။
ကျွန်ုပ်တို့ WHC မှ မြန်မာနိုင်ငံတွင်း နေ့စဥ်နှင့်အမျှ ဖြစ်ရပ်ဆိုးများနှင့် ရင်ဆိုင်နေရသော အများပြည်သူများ၏ ရင့်နင့်ဖွယ်ရာ ဘေးကြုံနေရမှုများကို တစ်ထောင့်တစ်နေရာမှ ကူညီပေးနိုင်ရန် အစဥ်ကြိုးပမ်းလျက်ရှိပါသည်။
ဇူလိုင်လ ၁၂ရက်နေ့တွင် ကျွန်ုပ်တို့မှ တနိုင်အားဖြင့် PPE ဝတ်စုံများကို မြင့်မြတ်စေတနာပရဟိတ အသင်း (မှော်ဘီ)သို့ လှူဒါန်းခဲ့ပြီး ဖြစ်ပါသည်။ ရှေ့ဆက်၍လည်း Oxygen Concentrator စက်များလှူဒါန်းသွားနိုင်ရန် ‌ဆောင်ရွက်လျက်ရှိပါသည်။ သို့ပါ၍ မြန်မာပြည်သူများကို အလျင်မြန်ဆုံး ထောက်ပံ့ကူညီမှုများပေးနိုင်ရန် လူကြီးမင်းတို့၏ အကူအညီ များစွာလိုအပ်ပါသည်။
ယခုအချိန်အခါအတွင်း အလှူရှင်များမှ မြန်မာနိုင်ငံတွင်းသို့ လှူဒါန်းမှုများတွင် ငွေလွှဲခြင်း၊ လှူဖွယ်ပစ္စည်းများ အချိန်မီ နေရာမှန် ‌ရောက်ရှိနိုင်ရန် အစရှိသဖြင့် အခက်အခဲများစွာရှိသည့် အတွက် ကျွန်ုပ်တို့ WHC အသင်းအဖွဲ့မှ ယုံကြည်စိတ်ချရသူများနှင့် မြို့နယ်များအတွင်း အမှန်တကယ် အကူအညီပေးနေသူများနှင့် ချိတ်ဆက် ဆောင်ရွက်လျက်ရှိပါသည်။
သို့ဖြစ်ပါ၍ ကျွန်ုပ်တို့၏ အသင်းအဖွဲ့သို့ လှူဒါန်းခြင်းအားဖြင့် ကျွန်ုပ်တို့၏ ပရဟိတ လုပ်ငန်းစဥ်များကို ပံ့ပိုးကူညီပေးပါရန် လေးစားစွာ မေတ္တာရပ်ခံ ဖိတ်ခေါ်အပ်ပါသည်။